လိပ်သို မတ် ၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် Robusta ကော်ဖီစေ့များ ဒေသအခေါ်ကော်ဖီအသေးများ ဈေးကောင်းရရှိလာ၍ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများနှင့် သိုလှောင်ရောင်းဝယ်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ယခင်က ဒေသထွက် ရိုဘတ်စတာကော်ဖီစေ့များမှာ ဈေးကောင်းမရရှိခဲ့ဘဲ တစ်ပိဿာကို (၄၅၀ဝိ/-)ကျပ်အထိသာ ဈေးရရှိခဲ့ပြီး ယခုနှစ်တွင် တစ်ကြိမ်တစ်ခါမျှ မရရှိခဲ့သော ဈေးနှုန်းကို ရရှိလာခဲ့ရာ ကော်ဖီစေ့တစ်ပိဿာလျှင် (၈၅၀ဝိ/-) ကျပ်အထိ ဈေးရရှိနေပြီး အာရေဗီးကား ကော်ဖီစေ့များကဲ့သို့ (၁၀၀၀ဝိ/-) ကျပ်အထိ ဈေးရရှိရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။
ယခုလို ဈေးကောင်းရရှိလာသောကြောင့် ဒေသခံတောင်သူများက လာမည့်စိုက်ပျိုးရာသီတွင် ရိုဘတ်စတာနှင့် အာရေဗီးကားကော်ဖီမျိုး (၂) မျိုးလုံးကို တိုးချဲ့စိုက်ပျိုးရန် ပြင်ဆင်လျက်ရှိနေပြီး ကော်ဖီပျိုးပင်များပျိုးထောင်ခြင်း၊ ပျိုးပင်များလုံလောက်စွာရရှိရေး ကြိုတင်မှာယူမှုများ ရှိနေပြီး စိုက်ပျိုးရန် ဥယျာဉ်ခြံမြေများအား ခုတ်ထွင်ရှင်းလင်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)