ဒေးဒရဲ မတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်ကို မြို့နယ်အတွင်းရှိ စာစစ်ဌာန (၄)ခုတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုပြီးစီးရေး မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကြည့်ရှု့စစ်ဆေးခြင်းကို ဖျာပုံခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေမှူး ဦးဌေးမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ စာစစ်ဌာန (၄)ခုတွင် ကျောင်းသား၊ ကျောင်သူများ အေးချမ်းစွာ ဖြေဆိုနေမှုအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် အ.ထ.က(၁)၊ အ.ထ.က(ကျုံဒါး)၊ အ.ထ.က(တော်ကမယ်)နှင့် အ.ထ.က(နောက်ပြန်တိုး) စုစုပေါင်း စာစစ်ဌာန(၄)ခုကို စာစစ်ဌာနများအဖြစ် အသုံးပြုလျက် ရှိကြောင်းသိရပြီး တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် စာရင်းရှိ ကျား (၂၀၃)ဦးနှင့် မ (၃၄၄)ဦး စုစုပေါင်း (၅၄၇)ဦး၊ ဖြေဆိုသူကျား (၁၇၂)ဦး၊ မ(၃၁၅) စုစုပေါင်း (၄၈၇)ဦး ဝင်ရောက်ဖြေဆိုပြီး ပျက်ကွက်ကျား (၂၉)ဦး မ(၁၀)ဦး စုစုပေါင်း (၅၅)ဦးဖြစ်ကြောင်း သိရသည်။
အေဇာလင်း