ကျွန်းလှ မတ် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) စာစစ်ဌာန၌ စတင်ဖြေဆိုကြောင်း သိရသည်။
အဆိုပါ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်တို့က ကြီးကြပ်ပြီး ဌာနဆိုင်များ၊ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် တာဝန်ရှိသူများ ပူးပေါင်း၍ လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည်။
ကျွန်းလှမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာနတစ်ခုဖွင့်လှစ်ပြီး စာမေးပွဲဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူ (၂၃၀) ရှိကြောင်း၊ ယနေ့ မြန်မာစာဖြေဆိုသည့် ကျောင်းသား (၈၅) ဦး၊ ကျောင်းသူ (၁၂၄) ဦး၊ စုစုပေါင်း (၂၀၉) ဦး (၉၀ဒသမ ၈၇) ရာခိုင်နှုန်းဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မျိုးဝင်းညို ကျွန်းလှ