ရွှေဘိုခရိုင်အတွင်း ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှု အစီအစဉ်ဖြစ်သော ငွေပေးအလုပ်ပေးစနစ် Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်း(၃၆)ခု ရာနှုန်းပြည့်ပြီးစီး

ရွှေဘို စက်ဝာင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်း ကိုဗစ်ကာလ စီးပွားရေး ကုစားမှု အစီအစဉ်ဖြစ်သော ငွေပေး အလုပ် ပေးစနစ် Cash For Work စီမံကိန်းဖြင့်ဆောင်ရွက်လျက်ရှိသော စီမံကိန်း လုပ်ငန်း (၃၆)ခု ရာနှုန်းပြည့်ပြီးစီး ဖြစ်ကြောင်း ရွှေဘိုခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ Cash For Work စီမံကိန်းကို ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်(၆)မြို့နယ်၌ တစ်မြို့နယ် လျင်(၆)ရွာနှုန်းဖြင့် စာသင်ကျောင်းနှင့်ပတ်သတ်သော အခြေခံအဆောက်အဦး အသစ်/ပြုပြင်ခြင်း(၆) ခု၊ ကျေးရွာအဝင်/အထွက် လမ်းများအား ဂျင်းလမ်းခင်းခြင်း၊ ရေတွင်း/ရေကန် ပြုပြင်ခြင်း(၁၆)ခု၊ ရေကျော်(၂)စင်း တည်ဆောက်ခြင်းနှင့် ရေနုတ်မြောင်းတူးဖော်ခြင်း(၁၀)ခု စုစုပေါင်း ကျေးရွာ ဖွံ့ဖြိုး ရေးလုပ်ငန်းပေါင်း(၆၂)ခုကို()လပိုင်း ဒုတိယအပတ် မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် လုပ်ငန်း များအားလုံး ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ Cash For Work စီမံကိန်းသည် နိုင်ငံတော်၏ ကိုဗစ်ကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ် တစ်ရပ်ဖြစ်ပြီး ကိုဗစ်ကာလအတွင်း ဝင်ငွေနည်းကျေးလက်နေပြည်သူများအတွက် အလုပ် အကိုင် အခွင့်အလမ်း များဖော်ဆောင်ပေးခြင်းဖြင့် ချက်ချင်းဝင်ငွေရရှိစေကာ ကျေးရွာအခြေခံ အဆောက်အဦများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ကျေးရွာတစ်ရွာကို ခွင့်ပြုငွေ ကျပ်သိန်း (၁၀၀)ချထားပေးပြီး မိမိတို့ ကျေးရွာ၏ လိုအပ်သော လမ်းခင်းခြင်း၊ရေနှုတ်မြောင်း တူးဖော်ခြင်း၊ သောက် ရေကန်များ တူးဖော် ခြင်းနှင့် အခြေခံအဆောက်အဦများ ဆောင်ရွက်ခြင်းကို ယခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း အပြီး ဆောင်ရွက်ရကြောင်းရွှေဘိုခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး  ဦးမြင့် မှပြောကြားသည်။

ထွန်းမြင့်အောင်(ရွှေဘို)