ချောက်မြို့၌ တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ အဆင်ပြေချောမွေ့စွာဖြေ​ဆိုနိုင်​ရေး စာစစ်ဌာနပြင်ဆင်ထားရှိမှုနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်​ရေး ကွင်းဆင်းစစ်ဆေး

ချောက် မတ် ၇

မ​ကွေးတိုင်းဒေသကြီး၊ ​ချောက်ခရိုင်၊ ​ချောက်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး စာစစ်ဌာနများပြင်ဆင်ထားရှိမှုနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်​ရေးထားရှိမှုအခြေအနေများအား ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေး​​ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းများရှိ စာစစ်ဌာနများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်​ဆေးခြင်းကို ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေး​ကျော်နှင့်ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင်များ၊ ခရိုင်ပညာ​ရေးမှူး ဦးမန်း​အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်း၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာဖြေခန်းပြင်ဆင်ထားရှိမှုအခြေအနေများ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စာဖြေခန်းများတွင် မီးကြိုးများတပ်ဆင်ထားရှိမှုအခြေအနေ၊ မီးသတ်ဆေးဘူးများ၊ အရေးပေါ်ရေကန်များ ရေဖြည့်ထားရှိမှု၊ အမှိုက်သရိုက်များ ရှင်းလင်းထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

ချောက်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာန(၃)ခုရှိ​ပြီး စာမေးပွဲ​ဖြေဆိုမည့် ကျောင်းသား၊​ ကျောင်းသူစုစု​ပေါင်း​(၈၇၁)ဦးရှိကြောင်း သိရှိရသည်။

ကျော်မိုး(ပြန်/ဆက်)