ဖားဆောင်း မတ် ၇
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအေးချမ်းစွာဖြေဆိုနိုင်စေရန် အ.ထ.က(ဖားဆောင်း) စာစစ်ဌာနကို ယနေ့နံနက်(၉) နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့သည်။
၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာဖြေဆိုနိုင်ရေးနှင့်ဘေးကင်းလုံခြုံရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးမြင့်ထွေး၊ ကြီးကြပ်ရေးမှူးဦးပီတာနှင့်တာဝန်ရှိသူများက စာဖြေဆောင်များ သန့်ရှင်းစေရေးနှင့် စနစ်တကျထားရှိစေရေး၊ လေဝင်လေထွက်ကောင်းစွာရရှိစေရေး၊ စာမေးပွဲဖြေဆိုနေချိန်ကျန်းမာရေးတစ်စုံတစ်ရာဖြစ်ပါက ချက်ချင်းကုသနိုင်ရေးအတွက် ကျန်မာရေးဆေးပေးခန်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ မော်ချီးဒေသမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲလာရောက်ဖြေဆိုသည့် ကျောင်းသား၊ကျောင်းသူများ တည်းခိုနေရာဖြစ်သော (အ.မ.ကတောင်ပိုင်း)ကျောင်းသို့သွားရောက်၍ အားပေးစကားပြောပြီး လိုအပ်သည်များ ပေါင်းစပ်၊ ညှိနှိုင်းပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ဖားဆောင်းမြို့နယ်အတွင်းတွင် ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုကျောင်းသား၊ ကျောင်းသူ (၁၀၀) ဦးဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးဌာန ပညာရေးမှူးထံမှ သိရသည်။
နန်းသဲနုအောင် (ပြန်/ ဆက်)