ကသာမြို့၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများအား ကြည့်ရှုစစ်ဆေး

ကသာ မတ် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနများအား ယနေ့ နံနက် (၁၀)နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဦးကျော်ဌေးဝင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဝင်း၊ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများနှင့် တာဝန်ရှိသူများက စာစစ်ဌာန(၂)ခုတို့၌ စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းဆောင်နှင့် စာဖြေခန်းများ ပြင်ဆင်ထားရှိုမှု၊ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက် ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးနှင့် လုံခြုံရေးဆောင်ရွက်မည့် အစီ အစဉ်များ လမ်းညွှန်မှာကြားခဲ့သည်။

ကသာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲစာစစ်ဌာန(၂)ခု ဖွင့်လှစ် ထားရှိပြီး ဖြေဆိုရန် ဝင်ခွင့်လျှောက်ထားသည့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၇၂၉)ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဝင်းထံမှ သိရသည်။

ကျော်စွာ(ကသာ)