ဟင်္သာတ မတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ဆောင်းသီးနှံနေကြာ ဆင်းရွှေကြာ (၂) မျိုးစေ့ထုတ် စံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် ၈ နာရီက ဟင်္သာတမြို့နယ်၊ တလုတ္ထော်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ မြို့အုပ်ချုပ်ရေးအဖွဲ့နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ စိုက်ပျိုးထားသည့် ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းသီးနှံနေကြာ ဆင်းရွှေကြာ(၂) မျိုးစေ့ထုတ်စိုက်ခင်းမှ (၁)ဧကစံကွက် ရိတ်သိမ်းပွဲကို ကျင်းပခဲ့သည်။
အဆိုပါ နေကြာစံကွက် ရိတ်သိမ်းပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် ခရိုင်နှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံတောင်သူများ တက်ရောက် ကြည့်ရှုခဲ့ကြသည်။
ဟင်္သာတခရိုင် စိုက်တိုးမြင့်အဖွဲ့ ဥက္ကဋ္ဌ အဖွဲ့ဝင်များသည် ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းသီးနှံနေကြာ ဆင်းရွှေကြာ (၂)မျိုးစေ့ထုတ်စိုက်ခင်း (၁)ဧကစံကွက်မှ ဆောင်းနေကြာ ရိတ်သိမ်းနေမှု အခြေအနေများ၊ ရ်ိတ်သိမ်းပြီးနေကြာများအား အစေ့ခြွေနေမှုအခြေအနေများ၊ ဆောင်းနေကြာ သီးနှံများ ဖြစ်ထွန်းအောင်မြင်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ရာ အဆိုပါစိုက်ခင်းတွင် ဆောင်းနေကြာ အောင်မြင်ဖြစ်ထွန်းမှုအနေဖြင့် (၁)ဧကလျှင် (၁၈.၅)တင်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကိုဇော် - ဟင်္သာတ