သာယာဝတီမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းများအား ကွင်းဆင်းကြီးကြပ်စစ်ဆေး

သာယာဝတီ မတ် ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းအဖွဲ့က မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များကို ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းကြီးကြပ်စစ်ဆေး ဆောင်ရွက်ခဲ့​ကြသည်။

ထိုသို့ကွင်းဆင်းကြီးကြပ်စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့ပေါ် ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီများ ရောင်းချမှုရပ်တန့်မှု မရှိစေရေး၊ အကန့်အသတ်ဖြင့် ရောင်းချမှုမရှိစေရေး၊ သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချနိုင်ရေး၊ ဈေးနှုန်းများ မြှင့်တင်ရောင်းချပါက အပြစ်ပေးအရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးကို ဆွေးနွေးစစ်ဆေးကြီးကြပ်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊

သန့်ဇော်(ပြန်/ဆက်)