နတ်တလင်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး

နတ်တလင်း မတ် ၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာသင်ကျောင်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ပူးပေါင်းအဖွဲ့များမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီဌာန ဦးစီးမှူး ဦးတင်ဦးလတ်နှင့်တပ်ဖွဲ့ဝင်များ၊ ပူးပေါင်းအဖွဲ့များက အ.ထ.က(နတ်တလင်း)စာစစ်ဌာန၊ အ.ထ.က(တာပွန်)စာစစ်ဌာနများသို့ ရောက်ရှိ၍ စာမေးပွဲခန်းပြင်ဆင်ထားရှိမှု အခြေအနေများ၊ လုံခြုံရေးအခြေအနေများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များအား  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ ဆက်)