လှိုင်းဘွဲ မတ်လ ၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ်၊ မတ်လ (၈)ရက်နေ့တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို စုစုပေါင်းကျောင်းသား၊ကျောင်းသူ(၃၃၈)ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် စာစစ်ဌာန(၂)ခုရှိရာ အထက-လှိုင်းဘွဲ စာစစ်ဌာနတွင် အထက(လှိုင်းဘွဲ)ကျောင်းမှ ကျောင်းသား၊ကျောင်းသူ(၁၇)ဦး၊ အထက(ပိုင်ကျုံ) ကျောင်းမှ (၂၀)ဦး၊ အထက(ထီလုံ)ကျောင်းမှ (၇)ဦး၊ အထက(နောင်ဘိုကြီး)ကျောင်းမှ (၇)ဦး၊ အထက (ဒေါ်လန်း) ကျောင်းမှ (၈)ဦး၊ အထက(ခွဲ)(ကော့တာဟိုး)ကျောင်းမှ (၁၀)ဦး၊ ပြင်ပဖြေ ကျောင်းသား၊ ကျောင်းသူ (၆၉)ဦးနှင့် အထက(ခွဲ)လှိုင်းဘွဲ စာစစ်ဌာနတွင် မြတ်သောအမွေ ကိုယ်ပိုင်အထက်တန်း ကျောင်းမှ (၅၈)ဦး၊ ငြိမ့်ပညာ့ဥယျာဉ် ကိုယ်ပိုင်အထက်တန်းကျောင်းမှ (၃၄)ဦး၊ အထက(ကပ္ပလီ) ကျောင်းမှ (၈)ဦး၊ အထက (မြိုင်ကြီးငူ)ကျောင်းမှ(၁၂)ဦး၊ အထက(ကိုမောင်)ကျောင်းမှ (၇)ဦး၊ ပြင်ပဖြေ ကျောင်းသား၊ကျောင်းသူ (၈၁)ဦး စုစုပေါင်း ကျောင်းသား(၃၃၈)ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စောဒိ(ပြန်/ဆက်)