လပွတ္တာမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံ (လပွတ္တာ)ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

လပွတ္တာ မတ်  ၇

လပွတ္တာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတို့ ပူးပေါင်း၍ လူငယ်များအသိပညာဗဟုသုတကြွယ်ဝစေရန် ကာယ၊ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ဦးက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အစိုးရစက်မှု လက်မှုသိပ္ပံကျောင်းမှ မောင်ခန့်ထူးပိုင်က လူငယ်နှင့် နည်းပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မမေမြင့်ပွင့်ဖြူက လူငယ်နှင့် မျိုးချစ်စိတ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မစုချမ်းမြေ့စိုးက လူငယ်နှင့် စာပေလေ့လာမှု ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မောင်ကိုကိုလွင်က လူငယ်နှင့် ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ဇေယျာလင်းက လူငယ်နှင့် ကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ဟိန်းထက်နိုင်စိုးက လူငယ်နှင့် အာကစား စသည့် ခေါင်းစဉ် သီးသီးတို့ဖြင့် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်ကြရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ဦးနှင့် ဆွေးနွေးခဲ့သည့် ကျောင်းသား၊ ကျောင်းသူတို့က ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ စကားဝိုင်းသို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်းအား (၈၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လပွတ္တာခရိုင်ပြန်/ဆက်