နတ်မောက် မတ် ၇
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန ( Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က မြို့နယ်ကလေး သူငယ်အခွင့်အရေး များဆိုင်ရာကော်မတီအား အဖွဲ့ဝင် (၁၀)ဦးဖြင့် ဖွဲ့စည်းထားရှိပြီး ကော်မတီ၏ရှေ့လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ရှင်းလင်းပြောကြားခြင်းနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဒေါ်သွယ်သွယ်အေးမှ မြို့နယ်အတွင်း ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ ၂၀၁၈/၂၀၁၉ ခုနှစ်အတွင်း ကလေးသူငယ်မှုခင်းများဖြစ်ပွားမှု အကြောင်းအရာများ၊ ၂၀၂၀/၂၀၂၁/၂၀၂၂/၂၀၂၃ ခုနှစ်အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသော ကလေးသူငယ်ဉ္ပပဒေဆိုင်ရာများစသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကြက်ခြေနီအဖွဲ့တပ်ဖွဲ့မှူး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန၊ အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်ပညာရေးဌာနတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း