ချောက်​မြို့၌​ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်

ချောက် မတ်

မ​ကွေးတိုင်း​ဒေသကြီး၊​​ ချောက်ခရိုင်၊ ချောက်မြို့နယ်၌​ အားကစားနှင့်လူငယ်​ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်များအတွက် နွေရာသီ​အားကစားသင်တန်းများကို ယမန်နေ့ည​နေ ၃ နာရီခွဲအချိန်က စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

လူငယ်များကို အားကစားသင်တန်းများဖြင့် ​နွေရာသီ​ကျောင်းပိတ်ရက်အား အကျိုးရှိရှိအသုံးချနိုင်ရန်၊ အားကစားအ​ခြေခံရှိ​သော မျိုးဆက်သစ်ကစားသမား​များပေါ်ထွက်လာ​စေရန်၊ အားကစားပြုလုပ်ခြင်းဖြင့် ကိုယ်ခံစွမ်းအားများမြင့်မား​စေရန်ရည်ရွယ်၍ ​​နွေရာသီအားကစားသင်တန်းများကို ဖွင့်လှစ်​ပေးခြင်းဖြစ်​ကြောင်း သိရသည်။

နွေရာသီအားကစားသင်တန်းများကို မြို့နယ်အားကစားကွင်း၌ သင်တန်းနည်းပြဆရာများက နေ့စဉ်ည​နေ၃နာရီခွဲမှ ည​နေ၆နာရီအထိ သင်ကြားပို့ချပေးလျက်ရှိ​ပြီး သင်တန်းတွင် အားကစားနည်း(၅)မျိုးဖြစ်သည့်ဘောလုံး၊ ​ဘော်လီ​ဘော၊​ ပြေးခုန်ပစ်၊ ပိုက်​ကျော်ခြင်းနှင့် မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းများကို သင်​ကြား​ပေးလျက်ရှိသည်။ သင်တန်းအား မတ်လ (၆)ရက်မှ မတ်လ(၁၇)ရက်​နေ့အထိဖွင့်လှစ် သင်ကြားပေးသွားမည်​ဖြစ်ပြီး သင်တန်းအား စိတ်ပါဝင်စားသူမည်သူမဆို မြို့နယ်အားကစားကွင်းသို့ လာ​ရောက်စာရင်း​ပေးသွင်း၍ သင်တန်းတက်​ရောက်နိုင်​ကြောင်း​ သိရသည်။

ကျော်မိုး(ပြန်/ဆက်)