ဓနုဖြူမြို့နယ်တွင် မီးဘေးသတိမူရေးနှင့် အရေးပေါ်တယ်လီဖုန်းနံပါတ်များ ပါရှိသော ဗီနိုင်းပိုစတာ စိုက်ထူ

ဓနုဖြူ မတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မီးလောင်မှုများမဖြစ်ပွား၊ မပေါ်ပေါက်စေရေးအတွက် မီးဘေးသတိမူရေးနှင့် အရေးပေါ် တယ်လီဖုန်းနံပတ်များပါရှိသော ဗီနိုင်းပိုစတာဆိုင်းဘုတ်များ စိုက်ထူခြင်းကို ယမန်နေ့နံနက် ၁၀နာရီ အချိန်က လူသွားလူလာ များပြားသော မီးသတ်ဂုံးနှင့် အမှတ်(၁၀)ရပ်ကွက် ကျိုက္ကလွန်ပွန်းဘုရား၊ အမှတ်(၁၈)ရပ်ကွက် မီးပွိုင့်လမ်းဆုံတို့၌ စိုက်ထူခဲ့သည်။

အဆိုပါ ဗီနိုင်းပိုစတာများ စိုက်ထူရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးကိုတင့်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဟိန်းထက်ဇော်၊ အဖွဲ့ဝင်(၂)ဦးစိန်မောင်ဝင်း၊ အတွင်းရေးမှူး ရဲမှူးအောင်နိုင်ဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနောင်နောင်နှင့် ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းအောင်သူနှင့် ဌာနဆိုင်ရာတို့မှ အမွှေးရည်များ ပက်ဖြန်း၍ စိုက်ထူခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)