ပလောက် မတ် ၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ မီးသတ်ဦးစီးဌာနမှ ဒု-မီးသတ်ဦးစီးမှူး ဦးသီဟအေးချို ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များမှ စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် ပလောက်မြို့ပေါ်ရှိ စာစစ်ဌာနများနှင့် ပတ်ဝန်းကျင်နေအိမ်များကို ယမန်နေ့နံနက်(၉)နာရီခွဲက ဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပလောက်မြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာန (၁) ခု၊ အရန်စာစစ်ဌာန(၁)ခု စုစုပေါင်း(၂)ခုရှိကြောင်း၊ အဆိုပါကျောင်းများတွင် ကျောင်းသား/သူများ စာမေးပွဲဖြေဆိုရာတွင် စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုနိုင်စေရန်ရည်ရွယ်၍ လျှပ်စစ်မီးကြိုးများသွယ်တန်းထားရှိမှု၊ မီးသတ်ဆေးဘူးထားရှိဆောင်ရွက်မှုနှင့် အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များစသည့် မီးဘေးအန္တရာယ်ကင်းဝေးစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဖြစ်ပေါ်လာပါက အရေးပေါ်ထွက်ပေါက်များ စသည့်တို့ကို ကျောင်းအုပ်ဆရာမကြီးနှင့်တကွ တာဝန်ခံဆရာများကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
နှင်းမြူလွင်(ပလောက်)