အသက်​မွေးဝမ်း​ကျောင်းအ​ထောက်အကူပြု အ​ခြေခံ၊ အဆင့်မြင့်အပ်ချုပ်စက် သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ဖား​ဆောင်း မတ် ၇

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် သမဝါယမနှင့်​ကျေးလက်ဖွံ့ဖြိုး​ရေးဝန်ကြီးဌာန၊​ ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ တစ်ပိုင်တစ်နိုင်စီးပွား​ရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်​စေရန် ရည်ရွယ်၍ ကြီးမှူးဖွင့်လှစ်သည့် အသက်​မွေးဝမ်း​ကျောင်းအ​ထောက်အကူပြု အ​ခြေခံ၊ အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဆင်းပွဲကို အခမ်းအနားကို ယ​မန်နေ့ နံနက်(၁၀)နာရီအချိန်က ​တောင်ပိုင်းရပ်ကွက်ရှိ မြို့လယ်ဓမ္မာရုံ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦးက သင်တန်းသူများအား သင်တန်းပြီးဆုံးပြီဖြစ်​သော​ကြောင့် မိမိတို့အတတ်ပညာများကိုအ​ခြေခံ၍ တစ်ပိုင်တစ်နိုင်စီးပွား​ရေးလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်ကြ​စေလို​ကြောင်းအဖွင့်အမှာစကား​ပြောကြားသည်။

ထို့​နောက် အ​ခြေခံ၊ အဆင့်မြင့်အပ်ချုပ်စက်သင်တန်းတွင် ဆုရရှိသူများအား မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦးနှင့် ဌာနဆိုင်ရာများက ဆုများ​ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ မြို့နယ်​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦး​အောင်​ကျော်မိုးက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်​များ​ပေးအပ်ခဲ့ပြီး သင်တန်းသူတစ်ဦးမှ​ ကျေးဇူးတင်စကားပြန်လည်​ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက မိမိတို့ဌာနအ​နေဖြင့် စီမံကိန်း​ရေးဆွဲကာ နှစ်စဉ်အသက်​မွေးဝမ်း​ကျောင်းအ​ထောက်အကူပြု သင်တန်းများ ဖွင့်လှစ်​ပေးလျက်ရှိရာ ​ကျေးလက်​နေပြည်သူများအတွက် များစွာအ​ထောက်အကူပြု​ကြောင်း၊ ဆက်လက်၍ သင်တန်းများဖွင့်လှစ်ရာတွင်လည်း စိတ်ပါဝင်စားစွာ တက်​ရောက်သင်ယူကြ​စေလို​ကြောင်းနှင့် အသက်​မွေးဝမ်း​​ကျောင်းအ​​ထောက်အကူပြုသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း​ပြောကြားခဲ့ပြီးစု​ပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါသင်တန်းတွင် ​ဖား​ဆောင်းမြို့နယ်အတွင်း​ ကျေးရွာများမှစိတ်ပါဝင်စားသူ သင်တန်းသူ(၂၀)ဦး တက်​ရောက်သင်ကြားရာ သင်တန်းဆရာမ​ဒေါ်မိုးမိုးခိုင်မှ ရက်​ပေါင်း(၄၀)ကြာ စာ​​တွေ့လက်​တွေ့သင်ကြားပို့ချ​ပေးခဲ့​ကြောင်းနှင့် ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာနအ​နေဖြင့်​ ကျေးလက်​နေပြည်သူများ စွမ်း​ဆောင်ရည်မြင့်မား​စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိ​စေရန်ရည်ရွယ်၍ အသက်​မွေးဝမ်း​ကျောင်းသင်တန်းများကို အခါအား​လျော်စွာဖွင့်လှစ်သင်ကြား​ပေးလျက်ရှိ​ကြောင်း သိရသည်။

နန်းသဲနု​အောင် (ပြန်/ ဆက်)