ပုလော မတ် ၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့နယ် မြို့ကျက်သရေစေတီတော်နှင့် မြို့ဦးကျောင်းစေတီတော်တို့တွင် တပေါင်းလပြည့်နေ့ မတ်လ ၅ ရက်နေ့ ညနေပိုင်းတွင် ရပ်နီး/ ရပ်ဝေးနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးမြော်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ အထွဋ်မြတ်ထားရာနေ့ တပေါင်းလပြည့်နေ့နံနက်ပိုင်းတွင် ရပ်နီး/ရပ်ဝေးနှင့် နယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များက ပုလောမြို့အတွင်းရှိ မြို့ကျက်သရေစေတီတော်နှင့် ဘုန်းတော်ကြီးကျောင်းများသို့ လာရောက်၍ အာရုံဆွမ်း၊ ပန်း၊ ဆီမီး၊ ရေချမ်းများကပ်လှူပူဇော်ခြင်း၊ ဥပုသ်သီလများ ခံယူတည်ဆောက်ကြခြင်း၊ ပရိတ္တတရားတော်ရွတ်ဖတ်ပူဇော်၍ မေတ္တာပို့သခြင်းတို့ဖြင့် ကုသိုလ်ယူလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကုသိုလ်ပြု ဘုရားဖူးမိဘပြည်သူများနှင့် အပန်းဖြေအနားယူလျက်ရှိသူများကို ညနေပိုင်းတွင် ပုလောမြို့ မြို့ဦးကျောင်းစေတီတော်ရှိ ကျောင်းထိုင်ဆရာတော်ဘုရားနှင့် တပည့်တကာ/တကာမများက ကြာဇံကြော်နှင့် အချိုရည်များဖြင့် စတုဒီဿဧည့်ခံကျွေးမွေးကာ စည်ကားလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)