ပိုင်ကျုံမြို့ ရွာကိုင်းကောင်းကျေးရွာအုပ်စုအတွင်းရှိ လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ အဘိုးအဘွားတို့အား  ထောက်ပံ့ငွေများ ပေးအပ်

ပိုင်ကျုံ   မတ်  ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊​ ရွာကိုင်းကျေးရွာအုပ်စုအတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်အတွက် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ်နှင့်အထက်  အဘိုး၊ အဘွားတို့အား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါထောက်ပံ့ငွေများပေးအပ်ရာတွင် ရွာကိုင်းကောင်းကျေးရွာအုပ်စုမှ သက်ကြီးဘိုးဘွား (၁၃)ဦးအား တစ်ဦးလျှင် ကျပ်(၃၀,၀၀ဝိ/-)နှုန်းဖြင့် စုစုပေါင်းကျပ်ငွေ(၃၉၀,၀၀ဝိ/-)တိတိကို သက်ဆိုင်ရာကျေးရွာမှ တာဝန်ရှိသူများတို့က အဘိုး၊ အဘွားများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ပိုင်ကျုံမြို့တွင် မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၇)အုပ်စုတို့တွင် လူမှုရေးပင်စင်ခံစားခွင့်ရှိသော အသက် (၈၅)နှစ်နှင့်အထက် အဘိုးအဘွား စုစုပေါင်း (၃၅၇)ဦးရှိပြီး ထောက်ပံ့ငွေများလက်ဝယ်အရောက် ရရှိရေးအတွက် သက်ဆိုင်ရာကျေးရွာရှိ တာဝန်ရှိသူများတို့မှ လိုက်လံပေးအပ်လျက်ရှိကြောင်း သိရှိရသည်။

နော်ခူး (ပြန်/ဆက်)