စလင်း မတ်လ ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပဖြေဆိုမည့် စာစစ်ဌာန (၅)ခုအား မီးဘေးလုံခြုံစိတ်ချစေရေးနှင့် စာစစ်ဌာနများပြင်ဆင်ထားရှိမှုအား ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးဝင်းဗိုလ်၊ မြို့နယ်ပညာရေးမှူး ဦးသိန်းဌေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိ ဌာနဆိုင်ရာများက စလင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခုဖြစ်သည့် စလင်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဆင်ဖြူကျွန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၊ တညောင်အခြေခံပညာအထက်တန်းကျောင်း၊ တပ်တွင် အခြေခံပညာအထက်တန်းကျောင်းနှင့် လင်းဇင်းအခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ စာမေးပွဲဖြေဆိုမည့် ကျောင်းခန်းမဆောင်များ အတွင်း၊ အပြင်တို့တွင် ပြင်ဆင်ထားရှိမှုများနှင့် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနေစဉ်ကာလအတွင်း မီးလန့်မှုများမဖြစ်ပေါ်စေရေး၊ မီးဘေးလုံခြုံမှုရှိစေပြီး စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ကြစေရန်အတွက် လျှပ်စစ်ဝါယာကြိုးများ စစ်ဆေးခြင်း၊ မီးချိတ်၊ မီးခတ်၊ သဲအိတ်များနှင့် လှေကား၊ ရေလုံလောက်စွာ ထားရှိနိုင်ရေး ကျောင်းတွင်း ရေစင်၊ ရေကန်များ ရေသိုလှောင်ထားရှိပြီး လွယ်လင့်တကူ အသုံးပြုဆောင်ရွက်နိုင်ရန် ထားရှိမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က ဆွေးနွေးမှာကြားခဲ့ကြောင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရှိရသည်။
မြို့နယ်