သဲကုန်း မတ် ၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြိုတွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကျင်းပမည့် စာစစ်ဌာန(၄)ခုတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေအား ယမန်နေ့က စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါမီးဘေးလုံခြုံရေးစစ်ဆေးမှုကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းထိုက်နှင့် ပညာရေးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးဌာနများ ပူးပေါင်း၍ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် အခြေခံပညာအထက်တန်းကျောင်းတွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ ဖြေဆိုနေစဉ်ကာလအတွင်း မီးသတ်ဆေးဘူးထားရှိမှု အခြေအနေ၊ ကျောင်းတွင်းသန့်ရှင်းမှုရှိစေရေး၊ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေး၊ မီးဘေးလုံခြုံမှုရှိစေပြီး ကျောင်းတွင်း ကျောင်းပြင်ပလုံခြုံမှုရှိစေရေးနှင့် စိတ်အေးချမ်းစွာ ဖြေဆိုနိုင်စေရန်အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ်တွင် စာစစ်ဌာနများဖြစ်သည့် အ.ထ.က သဲကုန်း၊ အ.ထ.က-ပုတီးကုန်း၊ အ.ထက-ဆင်မြီးဆွဲ၊ အ.ထ.ကအင်းမတို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသားကျောင်းသူ စုစုပေါင်း(၅၉၂)ဦးတို့ ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာတင်ထားကြောင်း သိရသည်။
မြို့နယ်၊ပြန်/ဆက်