သာယာဝတီမြို့တွင် တရားမဝင်ဆေးဝါးများ ဈေးကွက်အတွင်း ရောင်ချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

သာယာဝတီ မတ် ၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက မြို့ပေါ် ၄ ရပ်ကွက်နှင့် သာယာဝတီမြို့မဈေးနှင့် သုံးဆယ်မြို့မစျေးအတွင်းအပြင်တို့တွင် ရောင်းချလျက်ရှိသော ဆေးဆိုင်များအား တရားမဝင်ဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ယင်းသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးဆန်းဟို၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ  ဒေါ်အေးသန္တာထွန်း၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သောပူးပေါင်းအဖွဲ့က တရားမဝင်‌ဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချနေခြင်း ရှိ/မရှိ မြို့ပေါ် ၄ ရပ်ကွက်အတွင်းရှိ ဆေးဆိုင် ၄ ဆိုင်နှင့် စျေးများရှိဆေးဆိုင် ၉ ဆိုင်တို့အား ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)