လက်ပံတန်းမြို့နယ်၌ ၆ ကြိမ်မြောက် သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

လက်ပံတန်း မတ် ၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော(တပေါင်းလပြည့်‌နေ့) မြတ်ဗုဒ္ဓပြည်‌တော်ဝင်အခါတော်နေ့ မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ညနေ ၄ နာရီအချိန်က စည်ကားသိုက်မြိုက်စွာ လောင်းလှူခဲ့ကြောင်း သိရသည်။

အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ လက်ပံတန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၁၂၈)ကျောင်းမှ ပင့်သံဃာတော်(၁၄၁)ပါးနှင့် သီလရှင်ဆရာလေးများ ကြွရောက်ခဲ့ပြီး စုရပ်‌ နေရာဖြစ်သော ဘီးလင်းတန်းရပ်ကွက် လောကမာ‌န်အောင်ရွှေဘုန်းရောင်စေတီ‌တော်ရင်ပြင်နှင့် ဘုရားကြီးကျောင်းတိုက်တို့တွင် လောင်းလှူအပူ‌ဇော်ခံခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းလှိုင် ဦးဆောင်သော ဌာနဆိုင်ရာအဖွဲ့များ၊ NGO အဖွဲ့အစည်းများ၊ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများနှင့် ကျေးရွာနေပြည်သူများက ဆန်၊ ဝတ္ထုငွေ၊ ဆေး၊ အချိုရည်၊ ပန်းနှင့် မုန့်မျိုးစုံတို့ကို စည်ကားသိုက်မြိုက်စွာ လောင်းလှူပူဇော်ခဲ့ကြကြောင်းသိရသည်။

မြို့နယ် ပြန်/ဆက်