မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စားမေးပွဲကို စာစစ်ဌာန (၃)ခုတွင် ကျောင်းသား/ကျောင်းသူပေါင်း(၇၉၇)ဦး ဝင်ရောက်ဖြေဆိုမည်

မင်းဘူး မတ် ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၃)ခုတွင် ကျောင်းသား/ကျောင်းသူပေါင်း(၇၉၇)ဦး ဝင်ရောက်ဖြေဆိုသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးရုံးမှ သိရသည်။

မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(၁)မင်းဘူး၊ အ.ထ.က စကုနှင့် အ.ထ.က မုန်တောင်ကျောင်းများတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကျောင်းတွင်း/ကျောင်းပြင် ဝင်ရောက်ဖြေဆို့မည့် ကျောင်းသား (၃၁၆)ဦး၊ ကျောင်းသူ (၄၈၁)ဦး စုစုပေါင်း (၇၉၇)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်သွယ်သွယ်က ပြောသည်။

အဆိုပါစာစစ်ဌာနများတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးစာဖြေခန်းများ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်ကျန်းမာရေးဆေးခန်းများကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီအချိန်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ/ဘောဂဗေဒ၊ ပထဝီဝင်၊ သမိုင်းနှင့် စိတ်ကြိုက်မြန်မာစာစသည့် ဘာသာရပ်များကို ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ၊ နံနက် (၉)နာရီမှ မွန်းတည့် (၁၂)နာရီအချိန်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)