တက္ကသိုလ်၀င်စာမေးပွဲကျင်းမည့် ရေဦးစာစစ်ဌာန မီးဘေးလုံခြုံစေရေး စစ်ဆေး

ရေဦး မတ် ၆

၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပမည့် တက္ကသိုလ်၀င်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ စာဖြေဆိုနိုင်ရေးအတွက် ယမန်နေ့နံနက် ၈ နာရီက ရေဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးဆာမူအဲလ်၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်ကိုနိုင်နှင့် သ‌န္ဓေမီးသတ်တပ်ဖွဲ့၀င်များသည် စာစ်ဌာနမီးဘေးလုံခြုံမှုရှိစေရေး ကွင်းဆင်း စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ ပစ္စည်းများ ရှိ မရှိ၊ လျှပ်စစ်ဝါယာကြိုးများနှင့် မီးခလုတ်ခုံများ ကောင်းမွန်မှုရှိမရှိ၊ စာဖြေဆောင်အတွင်း လျှပ်စစ်အန္တရာယ်ကင်းရှင်းနိုင်မှု ရှိမရှိ၊ ရေငုတ်များ ရေသွယ်ပိုက်များ ကောင်းမွန်မှုရှိမရှိ၊  မီးသတ်ဆေးဘူးများ ကောင်းမွန်မှုရှိမရှိ ကြည့်ရှုစစ်ဆေးပြီး အရေး‌ပေါ်အခြေအနေ ဖြစ်ပေါ်လာပါက အလွယ်တကူ မီးငြှိမ်းသတ်နိုင်စေရန် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်းကို လမ်းညွှန်ပြသပေးခဲ့‌ကြောင်း သိရသည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးက စာစစ်ဌာန ကြီးကြပ်ရေးမှူးတာ၀န် ထမ်းဆောင်ကြမည့် ဆရာမများအား စာစစ်ဌာနမီးဘေးလုံခြုံစေရေးအတွက် လိုအပ်သည်များကို အကြံပြု ပြောကြားခဲ့ကြောင်း သိရသည်။

သန်းသန်း (ရေဦး)