ရေနံချောင်း မတ် ၆
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ မြို့မဈေးကြီး၌ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနတပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ယာဉ်နှစ်စီးဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကြည်စိုးဟန်နှင့် တပ်ဖွဲ့ဝင်များက Fire Suft မီးကာအပူခံဝတ်စုံဖြင့် ဆီမီးလောင်မှုအတွင်း ဝင်ရောက်သရုပ်ပြခြင်း၊ ဆီမီးလောင်မှုအား DCP မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်သရုပ်ပြခြင်း၊ 3D နော်ဇယ်ဖြင့် မီးငြိမ်းသတ်သရုပ်ပြခြင်း၊ ဂက်စ်မီးလောင်မှုအား ငြိမ်းသတ်သရုပ်ပြခြင်း၊ မီးငြိမ်းသတ်ယာဉ်များ စက်စွမ်းရည်ပြသခြင်းနှင့် မြို့မဈေးရှိ မီးသတ်ရေငုတ်များ ရေထွက်စွမ်းရည် ပြသခြင်းများကို ပြုလုပ်ခဲ့ကြသည်။
အဆိုပါ မီးဘေကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရှာရှိ ဦးမျိုးနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဈေးကော်မတီဝင်များနှင့် ဈေးသူဈေးသားများက ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)