မြို့သစ် မတ် ၆
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ငရုတ်စိုက်ပျိုးခြင်းကို မြေအောက်ရေဖြင့် တူးဖော်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ငရုတ်သီးစျေးကောင်းရ၍ အဆင်ပြေလျက်ရှိကြောင်း ငရုတ်စိုက်တောင်သူတစ်ဦးထံမှ သိရသည်။
"ယခုနှစ် ငရုတ်စိုက်တောင်သူများအနေဖြင့် ငရုတ်သီးတစ်ပိဿာကို (၄၀၀၀) ကျပ်စျေးအထိရောင်းရတယ်၊ စျေးထိုင်ရောင်းတဲ့သူတွေကတော့ စျေးကွက်ပိုကိုက်တာပေါ့ စိုက်ပျိုးသည့် မြေအနေအထားကတော့ ငရုတ်စိုက်တဲ့နေရာမှာ နှစ်သီးပေါ့တစ်ခါစိုက်ပြီး မြေမပင်ပန်းဘဲ စိုက်လို့ရတယ် လူပင်ပန်းလို့နားမယ်ဆိုရင် ကိုယ့်ပေါ်မှာဘဲ မူတည်တယ်၊ ငရုတ်သီးက မယ်ညိုသီး၊ အရင်တုန်းက ပထမပေါ်တုန်းက ၁၄၀၀ ကျပ်ထိရှိတယ်၊ ယခုစျေး (၄ဝဝဝ) စျေးအတိုင်း ဘဲသွားမယ်ဆိုရင်မိသားစုအတွက် အဆင်ပြေပါတယ်"ဟု ၄င်းကပြောသည်။ ငရုတ်စိုက်တောင်သူများအနေဖြင့် စိုက်ပျိုးရာတွင်ကုန်ကျစရိတ်သက်သာပြီး အပင်ပြုစုရင် ပြုစုနိုင်သလို အထွက်နှုန်းကောင်းမွန်သည့်အတွက် ငရုတ်စိုက်ပျိုးသူများလာကြောင်း ငရုတ်စိုက်တောင်သူထံက သိရသည်။
သန်းဝင်းထွန်း(IPRD)