လဟယ်မြို့တွင် တည်ထားကိုးကွယ်တော်မူသည့် ဓါတ်ပေါင်းစုဆုတောင်းပြည့် စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့် အနေကဇာတင်လှူပွဲကျင်းပ

လဟယ် မတ် ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တည်ထားကိုးကွယ်တော်မူသော ဓါတ်ပေါင်စုဆုတောင်းပြည့် စေတီမြတ်ကြီး၏ (၅) ရက်တိုင်တိုင်အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်အောင်ပွဲနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်လှူပွဲကို ယမန်နေ့ နံနက် ၆ နာရီ အချိန်နှင့် ၉ နာရီအချိန် အဆိုပါကုန်းတော်ရင်ပြင်၌ ကျင်းပပြုလုပ်ပါသည်။

ဦးစွာအခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုစတင်ပြီး လဟယ်မြို့နယ်တောင်တန်သာသနာပြု‌ ခေါင်းဆောင်ဆရာတော် ဘဒ္ဒန္တသုမန (ဗဟို) ထံမှငါးပါးသီလခံယူဆောက်တည်ကြပါသည်။ထို့နောက် ပင့်ဖိတ်ကြွရောက်တော်မူကြသော ဆရာတော်အရှင်သူမြတ်တို့ ကမေတ္တာသုတ်တရားတော်အား ရွတ်ဖတ်ချီးမြှင့်တော်မူပြီး ရေစက်ချတရားတော်နာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအမျှပေးဝေပြီ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတ(၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုတ်သိမ်ပါသည်။ ထို့နော် ပင့်သံဃာတော်များရှင်သာမဏေများ၊ သီလရှင်များစုစု‌ပေါင်းအပါး (၁၄၃) ပါးအားဆွမ်းဆန်စိမ်းများ လောင်းလှူ၍ နေ့ဆွမ်းဆက်ကပ်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းနားသို့ မြို့နယ်သာသနာပြုခေါင်းဆောင်ဆရာတော်နှင့် ပင့်သံဃာတော်များ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးနေမင်းသူနှင့်အဖွဲ့ဝင်များ၊ လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများတရာနာပရိသတ်များ တက်ရောက်ပါသည်။

မြို့နယ် (ပြန်/ဆက်)