ရေကြည် မတ် ၆
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်၏မြို့ကျက်သရေဆောင် သမိုင်းဝင် ဒီပါရုမ်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ နံနက် (၇) နာရီအချိန်က စေတီတော်မြတ်ကြီး၏ တော်ရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ရေကြည်ဒေသအတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက် (၈၈) ကျောင်းမှပင့်သံဃာတော် (၅၃၆) ပါး၊ သီလရှင်ကျောင်းတိုက် (၁၀) ကျောင်းမှ သီလရှင် (၇၁) ပါးစုစုပေါင်းကျောင်းတိုက် (၉၈) ကျောင်းမှ သံဃာတော်နှင့်သီလရှင် (၆၀၇) ပါးတို့ကစေတီတော်မြတ်ကြီး၏လက်ယာရစ်အတိုင်း လှည့်လည်အပူဇော်ခံ ကြွရောက်တော်မူကြပြီး ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့သူမြို့သားစေတနာရှင်ဒါယကာ၊ ဒါယိကာမများမှသဒ္ဒါကြည်ဖြူစွာဖြင့်ဆွမ်းဆန်တော်များ၊ လှူဖွယ်ပစ္စည်းများအစရှိသည့်ဒါတဗ္ဗဝထ္ထုအစုစုတို့ကိုဆက်ကပ်လောင်းလှူပူဇော်ခဲ့ကြကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)