ပိုင်ကျုံ မတ် ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကြက်တူရွေးကျေးရွာအုပ်စုအတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်အတွက် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့က ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ကြက်တူရွေးကျေးရွာအုပ်စုမှ သက်ကြီးဘိုးဘွား (၂၈)ဦးအား တစ်ဦးလျှင် (၃၀၀၀ဝိ/-)နှုန်းဖြင့် စုစုပေါင်းကျပ်ငွေ (၈၄၀၀၀ဝိ/-) တိတိကို သက်ဆိုင်ရာကျေးရွာမှ တာဝန်ရှိသူများတို့က လူမှုရေးပင်စင်ခံစားခွင့်ရှိသူ အဘိုးအဘွားများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့တွင် မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၇)အုပ်စုတို့တွင် လူမှုရေးပင်စင် ခံစားခွင့်ရှိသော အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား စုစုပေါင်း (၃၅၇) ဦး ရှိပြီး ထောက်ပံ့ငွေများ လက်ဝယ်အရောက် ရရှိရေးအတွက် သက်ဆိုင်ရာကျေးရွာရှိ တာဝန်ရှိသူများတို့မှ လိုက်လံပေးအပ်လျက်ရှိကြောင်း သိရသည်။
နော်ခူး (ပြန်/ဆက်)