ဘုတ်ပြင်းမြို့ရှိ အောင်တော်မူစေတီတော်ကြီး၌ ဗုဒ္ဂ္ဓါဘိသေက အနေကဇာတင်မင်္ဂလာ အခမ်းအနား ကျင်းပ

ဘုတ်ပြင်း   မတ်      

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ရွှေဘုံသာရပ်ကွက်၌ တည်ထားလျက်ရှိသည့် အောင်တော်မူစေတီမြတ်ကြီး ဘက်စုံမွမ်းမံ ပြင်ဆင်ပြီး၍ ဗုဒ္ဂ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်(၅)နာရီအချိန်က  စေတီတော်ရင်ပြင်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဆရာတော် သံဃာတော် အရှင်သူမြတ်များက အောင်တော်မူ စေတီတော်မြတ်ကြီးနှင့် ထိုင်တော်မူဘုရားဆင်းထုတော်၊ လျောင်းတော်မူဘုရားဆင်းထုတော်များအား ဗုဒ္ဂ္ဓါဘိသေက အနေကဇာတင် လှူကြသည်။

ယင်းနောက် သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်များ ဧည့်သည်တော်များက အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန့်တော ဖွင့်လှစ်သည်။ ဆက်လက်၍  ဘုတ်ပြင်းမြို့ ဘုန်းတော်ကြီးပညာရေးကျောင်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ မာရ်အောင် ပရိယတ္တိကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဂုဏိဿရထံမှ  ရှစ်ပါးသီလခံယူဆောက်တည်ကြသည်။

ဘုတ်ပြင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဇော်ဝင်ဌေးနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများက ဆရာတော် ဘဒ္ဒန္တ ဂုဏိဿရထံမှ  အနုမောဒနာ တရားနာယူ၍ လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ယင်းနောက် အခမ်းအနားကို ဗုဒ္ဒသာသနံ စိရံတိဋ္ဌတုသုံးကြိမ်ရွတ်၍ ရုပ်သိမ်းခဲ့ပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များအား ရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)