ကော့ကရိတ် စက်တင်ဘာ ၃၀
ကရင်ပြည်နယ် ကော့ကရိတ် မြို့တွင်ဂျိုင်း(ကော့ကရိတ်တံတား)သစ်တည်ဆောက်မည့် ဧရိယာအတွင်း ထိခိုက်နှစ်နာသူအား မြေယာလျော်ကြေးငွေပေးအပ်ခြင်းကို ယမန်နေ့နေလယ်ပိုင်း၌ ကော့ကရိတမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပေးအပ်ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ လူဝင်မူ့ကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးမင်းကိုခိုင်က မြေယာလျော်ကြေးငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားပြီး (ဂျိူင်းတံတားတည်ဆောက်ရေးနှင့် ကော့ကရိတ်လမ်းပိုင်း)တည်ဆောက်ရေး တို့တွင် ပါဝင်သော မြေယာပိုင်ရှင် ဦးရင်အောင်၏ လယ်ဧက(၁.၇၅)ဧကအတွက် နစ်နာကြေးငွေ (၉၇၉၉၈၅ဝိ/) ကျပ်အား မြို့နယ်လျော်ကြေးငွေစိစစ်ရေးအဖွဲ့နှင့်အတူ ပေးအပ်ခဲ့ကြောင်းသိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)