ကြံခင်းမြို့နယ် ရေနံတောင်ကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

ကြံခင်း မတ် ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့နံနက်ပိုင်းက ရေနံတောင်ကျေးရွာအုပ်စု ရေနံတောင် ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများဖြင့် တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရေနံတောင်ကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများက ရေနံတောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် တရားဥပဒေစိုးမိုးရေး၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ လမ်းတံတားနှင့်ပတ်သက်ပြီး ဒေသနေပြည်သူများ၏ လူမှုစီးပွားဖွံဖြိုးရေးလုပ်ငန်းများအတွက် တင်ပြချက် လိုအပ်ချက်များကို   သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းနှင့်  မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကိုကိုနိုင်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရမည့် အချက်များနှင့်ပတ်သက်ပြီးပြောကြားခြင်း၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)