မြန်အောင် မတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၊ တောင်ရိုးဒေသ မျှင်ဝါးတောင် ကျေးရွာအုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာအုပ်စုတို့တွင် ယနေ့နံနက်က မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့်ဒေသခံပြည်သူများ တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နံနက်ပိုင်းတွင် မြန်အောင်မြို့နယ်၊ တောင်ရိုးဒေသ မျှင်ဝါးတောင် ကျေးရွာအုပ်စု ဝင်္ကဘာကျေးရွာ ဝင်္ကဘာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံနှင့် နေ့လယ်ပိုင်းတွင် ဘန့်ဘွေးကုန်း ကျေးရွာအုပ်စု၊ မိချောင်းအိုင်ကျေးရွာ မိချောင်းအိုင်ဘုန်းတော်ကြီးကျောင်းတို့တွင် ဒေသခံ ကျေးရွာပြည်သူများနှင့်တွေ့ဆုံ၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး အောင်စိုး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးမြင့်နိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများက တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်း သား /သူများ အခက်အခဲမရှိစေရန်၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ကျေးရွာတွင်းလမ်း တံတားကောင်းမွန်ရေး၊ ကာကွယ်ဆေးထိုးနှံရေး ၊နိုင်ငံသားစိစစ်ရေး လက်မှတ်၊ အိမ်ထောင်စုစာရင်းဆောင် ရွက်ခြင်းစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းစနစ် တကျလိုက်နာရေး၊ ကျေးရွာလမ်းများ သန့်ရှင်းသာယာ လှပရေး၊ မီးဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေးခြင်းများဆောင် ရွက်၍ ကျေးရွာ ပြည်သူများမှ နွေစပါး အောင်ရေရရှိမှု၊ ကျန်းမာရေး၊ ပညာရေး၊ လမ်းတံတားစသည့် ဒေသခံပြည်သူများ၏ ဆွေးနွေးတင်ပြချက်များကို သက်ဆိုင်ရာဌာနများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲများတွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီးအောင်စိုး နှင့်အဖွဲ့မှ ဝင်္ကဘာဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ဘုရားစေတီများတွင် ဌာနဆိုင်ရာများစု ပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ခဲ့ပြီး မျှင်ဝါးတောင်ကျေးရွာအုပ်စုအတွင်း လျှပ်စစ်မီးမရရှိသော အ.မ.က ဆင်ကျုံး နှင့်ရေဝါဘုန်းတော်ကြီးကျောင်းတို့အတွက် 350 W ဆိုလာလျှပ် စစ်မီးတစ်လုံးစီနှင့် ဘန့်ဘွေးကုန်းကျေးရွာအုပ်စု မိချောင်းအိုင် ဘုန်းတော်ကြီးကျောင်း၊ စိန်ကုန်း ဘုန်းတော်ကြီးကျောင်း၊ အ.မ.က စိန်ကြီးကျောင်းတို့အတွက် 350 W ဆိုလာ လျှပ်စစ်မီး တစ်လုံးစီ ပေးအပ်လှူဒါန်းခြင်း၊ ဝင်္ကဘာကျေးရွာတောင်နှင့်မြောက် ဆက်သွယ်သော ကျေးရွာချင်းဆက် လူကူးတံတား အရှည်(၂၂၀)ပေ၊ အကျယ်(၆) ပေ တံတား ပြန်လည်ပြုပြင်ရန် ကွင်းဆင်းကြည့်ရှုခြင်းနှင့် သနပ်ပင်ကွင်း-စိန်ကြီး ကျေးရွာချင်းဆက်လမ်းပေါ်ရှိ တံတားပျက်စီး နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ် မြန်အောင် (ပြန်/ဆက်)