ပုသိမ် မတ် ၄
ပုသိမ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပုသိမ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မြို့သန့်ရှင်းသာယာရေး အသိပညာပေး Talk Show ကို ယနေ့မွန်းလွဲ ၂ နာရီ အချိန်က ပုသိမ်ခရိုင်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုသိမ်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းရှိန်က အသိပညာပေး Talk Show ပြုလုပ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ပုသိမ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းလွင်က ပုသိမ်မြို့သန့်ရှင်းသာယာရေးအတွက် ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ကူညီပူးပေါင်းဆောင်ရွက်လျက်ရှိသည့်ဌာန၊ အဖွဲ့အစည်းများ၊ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုများ၊ ပုသိမ် မြို့တော်အား Clean City မြို့ ဖြစ်လာရေးအတွက် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
မြင့်ဟန်