လောင်းလုံးမြို့နယ်အတွင်းရှိစျေးများအား ကိုဗစ်−၁၉ကာလ အတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

လောင်းလုံး စက်တင်ဘာ ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ စျေးများအား ကိုဗစ်−၁၉ကာလ အတွင်းသတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းကလောင်းလုံး မြို့နယ်၊ သပြေရှောင်စျေးတွင်လည်းကောင်း၊ အင်းဇောက်ကျေးရွာအုပ်စု၊ဝဗျောစျေးတွင်လည်းကောင်း ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။

ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် လောင်းလုံးမြို့နယ်အတွင်းရှိ လူစည်ကားနေရာဖြစ်သောစျေးများ၊ စားသောက်ဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း(Mask)နှင့်Face Shield တပ်ဆင်ပြီးမှသာစျေးရောင်း/စျေးဝယ်ကြစေရန်၊ စျေးရောင်း/စျေးဝယ်သူများအားတစ်ဦး နှင့်တစ်ဦး သတ်မှတ် အကွာအဝေးတွင်ရောင်း ချ ဝယ်ယူကြရန်ကျန်းမာရေးအသိပညာပေး​ခြင်းများကို လည်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာ၌ လောင်းလုံးမြို့နယ်၊စ ည်ပင်သာယာရေးအမှုဆောင်အရာရှိ ၊ဦးကျော်ဌေး နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများကပူးပေါင်း၍စျေးရောင်း/စျေး ဝယ်သူများအားကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကမှ ထုတ်ပြန်ထားသည့်စည်းကမ်းချက်များအပေါ် လိုက်နာမှုမရှိပါကအပြစ်ပေး အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

သိန်းသိန်း(ပြန်/ဆက်)