အုတ်ဖို စက်တင်ဘာ ၃၀
ပဲခူးတိုင်ဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ရောဂါပိုးပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းက တယ်ပင်ကျောကျေးရွာအုပ်စုနှင့် ကံသာယာကျေးရွာအုပ်စုများသို့အရောက် ကွင်းဆင်းပြီး ကျေးရွာ ကိုဗစ်-၁၉ ကော်မတီဝင်များနှင့် တွေ့ဆုံကာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦး၊ ကော်မတီအတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းလွင် နှင့် အဖွဲ့တို့က ကျေးရွာ ကိုဗစ်-၁၉ ကော်မတီဝင်များနှင့် တွေ့ဆုံကာ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရန်နှင့် ရောဂါပိုးပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် မိမိတို့ အနေနဲ့ အကောင်းဆုံးဆောင်ရွက် လျက်ရှိကြောင်း၊ ကျေးရွာပြည်သူများအနေနဲ့လည်း ပူးပေါင်း ဆောင်ရွက်ကြရန်လို ကြောင်း၊ မလိုအပ်ပဲ အပြင်သို့မထွက်ကြရန်၊ မလွှဲသာ၍အပြင်ထွက်ပါကလည်း Mask တပ်ပြီးမှ ထွက်ကြရန် လိုအပ်ပါကြောင်း၊ ကျေးရွာကော်မတီအနေနဲ့ ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အခတ်အခဲတစ်စုံတစ်ရာရှိလာပါက မိမိတို့ထံသို့ သတင်းပို့ရန် လိုအပ်ပါ ကြောင်းနှင့် မိမိတို့အနေနဲ့ ဖြစ်ပေါ်လာသည့် အခြေအနေအရ အကောင်းဆုံး ဖြေရှင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အောင်သူ(အုတ်ဖို)