ဒီးမော့ဆိုတွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေး ကျင်းပ

ဒီးမော့ဆို စက်တင်ဘာ ၃၀

 

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကံရွှေက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတွင်  လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပါတီများနှင့် ရွေးကောက်ပွဲတွင် သက်ဆိုင်သူများအကြား အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက် လာပါက အချိန်တိုအတွင်း လွယ်ကူလျင်မြန်စွာ ညှိနှိုင်းဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် အစည်းအဝေး ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးအောင်သဲဦးက ရွေးကောက်ပွဲဆိုင်ရာ စေ့စပ် ညှိနှိုင်းရေး ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် နိုင်ငံရေးပါတီများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေး ကြကာ မြို့နယ်ရွေးကောက်ပွဲအရာရှိက မေးမြန်းချက်အပေါ် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ ကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)