ကျွန်းလှ မတ် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖွင့်လှစ်သည့် သတင်းရေးသား ထုတ်ပြန်ခြင်းသင်တန်းကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပကြောင်း သိရသည်။
သင်တန်းတွင် သတင်းရေးသားထုတ်ပြန်ခြင်း၊ သတင်းအရင်းအမြစ်ရှာဖွေခြင်း၊ သတင်းအခြေခံ ဖွဲ့စည်းတည်ဆောက်ပုံ၊ သတင်းလိုက်ခြင်း၊ တွေ့ဆုံမေးမြန်းခြင်း ဘာသာရပ်များအား သင်ကြား ပို့ချမည်ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဖိုးချိုက ပြောကြားသည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား ၄ ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ မတ် ၃ ရက်မှ ၄ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ