ဟုမ္မလင်း၌ သက်ကြီးဘိုးဘွားများကျန်းမာရေး စောင့်ရှောက်မှုနှင့် အာဟာရဒါန ဆန်ပြုတ် တိုက်ကျွေး

ဟုမ္မလင်း မတ် ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ယနေ့ နံနက် (၉)နာရီမှ ၁၂ နာရီထိ အပတ်စဥ်သောကြာနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကုသပေးဆောင်ရွက်ခြင်းကို ဟုမ္မလင်း ခုတင်(၁၀၀) ဆံ့ ပြည်သူ့ဆေးရုံး ဆေးရုံအုပ်ကြီး ဒေါက်တာ ရန်နိုင်ဆွေနှင့် ဆရာ/ဆရာမများက သက်ကြီးရွယ်အိုးများအား အာဟာရဒါန ဆန်ပြုတ်တိုက်ကျွေးပေးခြင်းနှင့်  ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ မကူးစက်ခင် ရောဂါ ကြိုတင်ကာကွယ်ရေး၊ နှလုံးရောဂါ၊ သွေးတိုး ဆီးချိုး၊ ရောဂါအခံရှိသူ သက်ကြီးဘိုးဘွား ၁၅၉ ဉီးအား အခမဲ့ကုသပေးလျက်ရှိကြောင်း သိရသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိူင်နိူင်ကျော်က သက်ကြီးရွယ်အိုးများ၊ ကျန်းမာရေးလေ့ကျင့်ခန်း ဆောင်ရွက်ရန်အတွက် ရည်ရွယ်၍ ဝတ်စုံစရိတ် ငွေကျပ် (၆၀၀၀၀၀)ကျပ်အား ထောက်ပံ့ပေးမှုကို တိုင်းရင်းသားရေးရာဝန်ကြီးကိုယ်စား မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ဒုံစေ့နှင့် အဖွဲ့ဝင်များက ပေးအပ်ခဲ့ရာ ဟုမ္မလင်း ခုတင်(၁၀၀) ဆံ့ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်ဆွေမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)