ပုလောမြို့နယ် မီးသတ်ဦးစီးဌာနမှ စာစစ်ဌာနများကို ကွင်းဆင်း၍ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ပုလော မတ်  

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ပုလောမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဇင်ထိုက် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များမှ မီးဘေးအန္တရာယ် ကင်းရှင်းစေရေး အတွက် ပုလောမြို့ပေါ်ရှိ စာစစ်ဌာနများနှင့် ပတ်ဝန်းကျင်နေအိမ်များကို ယမန်နေ့နံနက် ၁၀ နာရီက  ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုလောမြို့ပေါ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာန () ခု၊ အရန်စာစစ်ဌာန() ခု စုစုပေါင်း () ခုရှိကြောင်းအဆိုပါကျောင်းများတွင် ကျောင်းသား/သူများ စာမေးပွဲဖြေဆိုရာတွင် စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုနိုင်စေရန်ရည်ရွယ်၍ မီးကြိုးများ တပ်ဆင်အသုံးပြုမှု၊ မီးသတ် ဆေးဗူးထားရှိဆောင်ရွက်မှုနှင့် အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များစသည့် မီးဘေး အန္တရာယ် ကင်းဝေးစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဖြစ်ပေါ်လာပါက အရေးပေါ်ထွက်ပေါက်များ စသည့်တို့ကို ကျောင်းအုပ်ဆရာကြီးနှင့်တကွ တာဝန်ခံဆရာများကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

အေးအေးမော် (ပုလော)