ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး လွတ်ရက်စေ့ပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား ၁၃၈ ဦးအား လွှဲပြောင်းလက်ခံ

မြဝတီ မတ်

ထိုင်းနိုင်ငံအတွင်းရောက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ဖမ်းစီးခံရကာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ICD မှ လွတ်ရက်စေ့ပြန်လည် လွတ်မြောက်လာသည့်  မြန်မာနိုင်ငံသား ၁၃၈ ဦးတို့အား နှစ်နိုင်ငံတာဝန် ရှိသူများမှ လွှဲပြောင်းလက်ခံခြင်းကို ယနေ့ ထိုင်းစံ‌ေ ပြုလုပ်ကြောင်းသိရသည်။

ထိုသို့ လွှဲပြောင်းရာတွင် ထိုင်းနိုင်ငံဘက်မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ သံမှူးကြီး ဦးမော်ဗလ၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် လဝကမှူး Mr Borwornphop Soontornlekha အလုပ်သမားသံအရာရှိ ဦးလှမျိုးသန်းနှင့် တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံဘက်မှ မြဝတီခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဒုဌာနခွဲမှူးရုံးမှ အမှတ် () ချစ်ကြည်ရေးတံတားတာဝန်ကျ  လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေမျိုးသက်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုလက်ခံခဲ့ခြင်း ဖြစ်သည်။

ထို့နောက် အဆိုပါ မြန်မာနိုင်ငံသားများအား မြန်မာဘက်ခြမ်း BCF ဇုန်သို့ မော်တော်ယာဉ်များဖြင့် ခေါ်ဆောင်ခဲ့ပြီး စာရင်းဇယားကောက်ယူခြင်း၊ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးခြင်း၊ ထောက်ပံ့ငွေများ ထောက်ပံ့ပေးခြင်း၊ အခြားလိုအပ်သည်များနှင့်နေရပ်ပြန်လည်ပို့ဆောင်ရေးများအား တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ လွှဲပြောင်းလက်ခံခဲ့သည့် မြန်မာနိုင်ငံသားများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ အမျိုးသား ၁၂၄ ဦး၊ အမျိူးသမီး ၁၄ ဦး၊ စုစုပေါင်း ၁၃၈ ဦးရှိကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)