ကျောက်တံခါးမြို့ အ.ထ.က(ကျောက်တံခါး)စာစစ်ဌာန၌ ၂၀၂၃ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲကို (၅၂၂)ဦး ဝင်ရောက်ဖြေဆိုမည်

ကျောက်တံခါး မတ် ၃

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါး မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ(၈) ရက်နေ့မှ (၁၈) ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ရာ အခြေခံပညာအထက်တန်း(ကျောက်တံခါး)ကျောင်းစာစစ်ဌာန၌ ကျောင်းသား/ ကျောင်းသူ (၅၂၂)ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ အတွင်းဖြေဆိုသူ (၄၂)ဦး၊ ပြင်ပဖြေဆိုသူ (၄၈၀)ဦး စုစုပေါင်း (၅၂၂)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး အထက(ကျောက်တံခါး) စာစစ်ဌာန တစ်ခုတည်း၌သာ ဆောင်ရွက်သွားမည်ဖြစ်သည်။ မြို့နယ်ပညာရေးမှူး၊ ကြည့်ကြပ်ရေးမှူးနှင့် ဆရာ/မများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့များက ကျောင်းသား/ သူများ စာမေးပွဲ အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက်လည်း လိုအပ်သည်များကို အကောင်းဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်  (ပြန်/ ဆက်)