လေးမျက်နှာမြို့နယ်အတွင်း ဓာတ်အားပျောက်ဆုံးမှု လျှော့နည်းကျဆင်းရေးနှင့် ဗို့အားပြည့်ဝစွာ သုံးစွဲရရှိရေး ဆောင်ရွက်

လေးမျက်နှာ မတ်လ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း ဓာတ်အားပျောက်ဆုံးမှု လျှော့နည်းကျဆင်းရေးနှင့် ဗို့အားပြည့်ဝစွာ သုံးစွဲရရှိရေးအတွက် မြို့နယ် လျှပ်စစ်မှူးရုံး ဝန်ထမ်းများမှ ယနေ့နံနက်ပိုင်း၌ အမှတ်(၃)ရပ်ကွက် ဗန္ဓူလလမ်းတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

လေးမျက်နှာမြို့နယ်အတွင်း ဓာတ်အားပျောက်ဆုံးမှု လျှော့နည်းကျဆင်းရေး၊ ဗို့အားပြည့်ဝစွာ သုံးစွဲရရှိရေးနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးတို့အတွက် မြို့နယ်လျှပ်စစ်မှူးရုံးဝန်ထမ်းများမှ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ မီးကြိုးများ စစ်ဆေးခြင်း၊ ရှုပ်ထွေးရှည်လျားသော လျှပ်စစ်မီးကြိုးများရှင်းလင်းခြင်း၊ ထရန်စဖော်မာဝန်အား တိုင်းတာခြင်းများကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသေးသော လျှပ်စစ်ဓာတ်အား လိုင်းများကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)