ကံမမြို့နယ်၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာစေရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ကံမ မတ် ၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ပြည်သူများ ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာစေရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက် ၉ နာရီက လူစည်ကားရာ မြို့လယ်လမ်းဆုံ၌ ဆောင်ရွက်ခဲ့ ကြသည်။

ထိုသို့ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်၍ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး လက်ကမ်းစာစောင်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ရုပ်ပြဓါတ်ပုံများ၊ လမ်းညွှန်အမှတ်အသားများ၊ ၂၀၂၃ ခုနှစ် ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေများအကြောင်း ရှင်းလင်းဖော်ပြပါရှိပြီး ကံမမြို့နယ်ရဲတပ်ဖွဲ့မှ အခမဲ့ ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)