လောင်းလုံး စက်တင်ဘာ ၃၀
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ် CERP အရ ကျေးလက်ဒေသနေမိသားစုများ ဝင်င ွေလျော့နည်း လာမှုနှင့် စားဝတ်နေရေးအခက်အခဲများကိုကုစားပေးနိုင်ရန် Cash For Work စီမံကိန်းနှင့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း VRFP တို့အား လောင်းလုံးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် အတွင်း ရှိကျေးရွာပေါင်း (၁၁)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါ စီမံကိန်းများကို မကျွန်းမော်ကျေးရွာ၊ကြက်လွှတ်ကျေးရွာ၊ပြင်ကြီးကျေးရွာ နှင့်ဆင်ကူး ကျေးရွာ တို့မှကျေးလက်နေလုပ်ကွက်ငယ် တောင်သူများ၊ ထုတ်လုပ်ရောင်းချနေသူများအား သွင်းအားစု နှင့် အရင်းအနှီးများရ ရှိစေရန်အတွက် ကျေးရွာမတည်ရန်ပုံငွေ ကျပ်သိန်း (၉၀၀)အား အတိုးနှုန်း(၅)ပြားဖြင့် ထုတ်ချေးပေးခဲ့ကြောင်း၊ Cash For Work စီမံကိန်းလုပ်ငန်းများကို စမ်းလှမ်း၊ ကဒက်ထိန်၊ အင်ဝနီ၊ သကျက်တော၊ လယ်လှ၊ ကျေးခုတ်ပြင် ၊ထိန်လယ်၊ စခန်းကြီး၊ တောရှည်၊ ပင်လယ်စခန်း၊ပြင်ကြီးကျေးရွာများ တို့၌ လုပ်ငန်းခွဲ ၁၆ ခုအား ကျေးရွာတစ်ရွာလျှင် Cash for Work စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၁၀၀)ဖြင့် ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးသွားပြီ ဖြစ်ကြောင်း၊မြို့နယ်အတွင်းရှိ Cash For Work စီမံကိန်းကျေးရွာ ၁၁ ရွာ မှ အိမ်ထောင်စုပေါင်း (၂၅၇၇) စု ကျေးရွာမတည်စီမံကိန်းကျေးရွာ(၄)ရွာမှအိမ်ထောင်စုပေါင်း (၂၁၆)စုတို့အား ကိုဗစ်-၁၉ ကာလ အတွင်း စီးပွားရေးကြပ်တည်းမှု လျော့ချပေးနိုင်ခဲ့ကြောင်းသိရသည်။
သိန်းသိန်း (ပြန်/ဆက်)