ထန်းတပင်(ပဲခူး) စက်တင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ Quarantine Centre (၂၉)ခုထားရှိရာ စက်တင်ဘာလ (၂၈)ရက် စာရင်းအရ မိုးကောင်းကျေးရွာအုပ်စု၊ ဇရပ်ကြီးကျေးရွာအုပ်စု၊ ကင်မွန်းချုံကျေးရွာအုပ်စု၊ နတ်ရွာကျေးရွာအုပ်စု၊ ကြိမ်တော မြှောင် ကျေးရွာအုပ်စု၊ ငါးဆီးလှောင် ကျေးရွာအုပ်စု၊ လှည်းလမ်းကူးကျေးရွာအုပ်စု၊ ဇီးဖြူသောင်ကျေးရွာအုပ်စု၊ မဲဘလံကျေးရွာအုပ်စု၊ တလိုင်းအိုင်ကျေးရွာအုပ်စု၊ အင်းယား ကြီးကျေးရွာအုပ်စု၊ ကြို့ပင်သာကျေးရွာအုပ်စု၊ အုန်းပင်ကျေးရွာအုပ်စု၊ ခြံကြီးကျေးရွာ အုပ်စု၊ ဆိပ်ကြီးရပ်ကွက်၊ အောင်သုခရပ်ကွက်၊ ကျီတော်ကျေးရွာအုပ်စု၊ ဘုမ္မတီးကျေးရွာ အုပ်စု၊ ပွဲသာကျေးရွာအုပ်စု၊ တပြေးကျေးရွာအုပ်စု၊ ဒါးဒေါက်ကျေးရွာအုပ်စု၊ စပါးကျီ ကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာ အုပ်စု၊ မြို့စိုးကျေးရွာအုပ်စုများရှိ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ ကျေးလက်ဆေးပေးခန်း ဟောင်းများ၊ ဓမ္မာရုံများတွင် ကျား(၂၃၃)ဦး၊ မ(၁၂၅)ဦး စုစုပေါင်း(၃၅၈) ဦးတို့အား သီးသန့်စောင့်ကြည့် ထားရှိကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ Quarantine ရှိ နေရပ်ပြန်များအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် စေတနာရှင်ပြည်သူများ ပူပေါင်း၍ အစားအသောက်များကို တာဝန်ယူ စီစဉ်ဆောင်ရွက်ပေးသည့်အပြင် မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် အပူချိန်တိုင်းတာခြင်း ကျန်းမာရေးစစ်ဆေးခြင်းများ နေ့စဉ်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)