ရှမ်းရွာသစ်မြို့၌အသက်၂နှစ်အောက် ကလေးငယ်များအားပုံမှန်ကာကွယ်ဆေးဆက်လက်ထိုးနှံ

ရှမ်းရွာသစ် မတ် ၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ကျေးလက်ကျန်းမာရေးဌာနတွင် အသက်၂နှစ်အောက် ကလေးငယ်များအားကျန်းမာသန်စွမ်း ရန်နှင့်ကူးစက်မှုရောဂါအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးထိုးနှံပေးခြင်းကို  ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာအုပ်စုများရှိ အသက်နှစ်နှစ်အောက်ကလေးငယ်များအား    ဘီစီဂျီ ဆုံဆို့၊  ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊   ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊  ဝက်သက်ရောဂါ၊ ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ပိုလီယိုအကြောသေရောဂါကာကွယ်ဆေးများကိုလည်း တိုက်ကျွေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများ ကကာကွယ်ဆေးလာရောက်ထိုးနှံသည့် အသက်နှစ်အာက်  ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံရာတွင် လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများ  ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

ဇင်လေး(ပြန်/ဆက်)