သံတောင်ကြီး စက်တင်ဘာလ ၃၀
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအ စီအစဉ်အရ အသက်(၈၀)နှင့်(၈၅)နှစ်အတွင်း သက်ကြီးဘိုးဘွား များ အား ထောက်ပံ့ငွေများကို ယမန်နေ့က ရွာကြီးကျေးရွာအုပ်စုတွင် ထောက်ပံ့ငွေများအား အိမ်တိုင် ရာအရောက် သွားရောက်ပေးအပ်ခဲ့သည်။
အဆိုပါထောက်ပံ့ငွေများကို သံတောင်ကြီးမြို့နယ် အမျိုးသားလွှတ်တော် ဒေါ်နော်ခရ စ္စထွန်း ၊လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်ခင်ထွန်းနှင့်ဝန်ထမ်းများ၊ ရွာကြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးဦးမန်းဒေးတို့က ကိုဗစ်-၁၉ ကာလအတွင်း စီးပွားကုစားမှု အစီအစဉ်အရ သက်ကြီး ဘိုးဘွားများစားဝတ်နေရေး အဆေပြေစေရန်အတွက်ရည်ရွယ်၍ အသက်(၈၀)နှင့် (၈၅)နှစ် အကြား သက်ကြီးဘိုးဘွား တစ်ဦးလျှင်(၃၀၀၀၀)ကျပ်နှုန်းဖြင့် ရွာကြီးကျေးရွာအုပ်စုရှိ အဘိုး( ၉ )ဦး နှင့် အဘွား(၁၁)ဦး၊စုစုပေါင်း(၂၀ )ဦး အတွက် ထောက်ပံ့ငွေ(၆၀၀၀၀၀) ကျပ်အား အိမ်တိုင်ရာ အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်