ဆင်ပေါင်ဝဲမြို့နယ် သံဃာ့နာယကဖွဲ့ နှစ်ပတ်လည်အစည်းအဝေးပြုလုပ်ခြင်းနှင့် သံဃာ့တော်များအား ဆွမ်းကပ်လှူဒါန်းခြင်းများပြုလုပ်

ဆင်ပေါင်ဝဲ မတ် ၃

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် သံဃာ့နာယကဖွဲ့ နှစ်ပတ်လည် အစည်းအဝေးပြုလုပ်ခြင်းနှင့် သံဃာ့တော်များအား ဆွမ်းကပ် လှူဒါန်းခြင်းများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လေးထပ်ကျောင်းဝန်းအတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ၊ မြို့နယ်သာသနာရေးမှူးမြို့နယ်လဝက ဦးစီးမှူးဦးစောလှမောင်၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သံဃာ့တော်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဆွမ်းကပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)